OneJPN INVTIES ရဲ့ Features များ
ဒစ်ဂျစ်တယ် မင်္ဂလာဆောင်ဖိတ်စာအတွက် လိုအပ်သမျှကို တစ်နေရာတည်းတွင်ရရှိနိုင်သော OneJPN INVTIES ရဲ့ Features များ
ဖိတ်စာဒီဇိုင်းများစွာ ရွေးခြယ်နိုင်ခြင်း
ရိုးရာ၊ ခေတ်ပေါ်နှင့် ယဉ်ကျေးမှုဆိုင်ရာ မင်္ဂလာပွဲစတိုင်များအတွက် ပရီမီယံ ဒီဇိုင်းများ။
Customer Portal
စုံတွဲများအနေဖြင့် ၎င်းတို့၏ ဒီဇိုင်းပုံစံကို ကြိုတင်ကြည့်ရှုခြင်း၊ RSVP ဧည့်သည်စာရင်းနှင့် ဆုမွန်ကောင်းစကားများကို ကြည့်ရှုခြင်း သို့မဟုတ် ထုတ်ယူသိမ်းဆည်းခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
ဧည့်သည်စာရင်း (RSVP) များ ကြိုတင်သိရှိနိုင်ခြင်း
ဧည့်သည် အကြောင်းပြန်ချက်များကို လွယ်ကူစွာ စုဆောင်းပြီး လူဦးရေနှင့် အစားအသောက် နှစ်သက်မှုများကို ချက်ချင်း စီမံပါ။
မိုဘိုင်းဖုန်းနှင့် ကိုက်ညီမှုရှိခြင်း
ဖုန်း၊ တက်ဘလက်နှင့် ကွန်ပျူတာများတွင် အကောင်းဆုံး အသုံးပြုနိုင်ရန် လိုက်ဖက်အောင် ပြင်ဆင်ထားသော ဒီဇိုင်းများ။
Photo Gallery
လှပသေသပ်သော ဓာတ်ပုံဆလိုက်ရှိုးများနှင့် အယ်လ်ဘမ်များဖြင့် သင့်တို့၏ ချစ်ခြင်းဇာတ်လမ်းကို အမှတ်တရအဖြစ် ဖော်ပြနိုင်ပါသည်။
အချိန်ရေတွက်စနစ် (Countdown)
မင်္ဂလာနေ့အထိ countdown ဖြင့် စိတ်လှုပ်ရှားမှုကို ဖန်တီးနိုင်ပါသည်။
QR ကုဒ်/လင့်ခ် မျှဝေရန်
စိတ်ကြိုက် လင့်ခ်ကို ဧည့်သည်များထံ တိုက်ရိုက်ပို့ပါ သို့မဟုတ် ကိုယ်ပိုင် QR ကုဒ်ကို ဒေါင်းလုဒ်လုပ်ပါ။
ဘာသာစကား ၃ မျိူး
နိုင်ငံတကာ ဧည့်သည်များအတွက် ဘာသာစကားနှစ်မျိုးဖြင့် ဖိတ်စာများကို ပံ့ပိုးပေးပါသည်။
အလုပ်လုပ်ပုံ အဆင့်ဆင့်
ရိုးရှင်းသော အဆင့်လေးဆင့်ဖြင့် သင်၏ ဒစ်ဂျစ်တယ်ဖိတ်စာကို စတင်လိုက်ပါ။
-
1
ဒီဇိုင်း တစ်ခု ရွေးချယ်ပါ
invitations design နမူနာ များကို ကြည့်ရှုပြီး သင့်မင်္ဂလာအခမ်းအနားအတွက် အကောင်းဆုံးလိုက်ဖက်သော ဒီဇိုင်းကို ရွေးချယ်လိုက်ပါ။
-
2
သင်၏ အကြောင်းအရာများကို စိတ်ကြိုက်ပြင်ဆင်ပါ
မင်္ဂလာဖိတ်စာတွင်ပါဝင်မည့် အမည်၊ ရက်စွဲ၊ နေရာ၊ ဓာတ်ပုံများနှင့် ကိုယ်ပိုင်စာသားများကို စိတ်ကြိုက်ထည့်သွင်း ရန် admin team နှင့်ဆက်သွယ်ပါ။
-
3
ဧည့်သည်များနှင့် မျှဝေပါ
သင်၏ သီးသန့်လင့်ခ်ကို လူမှုကွန်ရက်အက်ပ်များ၊ Email သို့မဟုတ် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ပေးပို့ပါ။
-
4
ဧည့်သည်တုံ့ပြန်ချက်များကို စောင့်ကြည့်နိုင်ပါသည်။
ဧည့်သည်စာရင်းကို Dashboard မှ စောင့်ကြည့်၍ တစ်နေရာတည်းတွင် လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပါသည်။